မှော်ဘီမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 12 Nov 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | မှော်ဘီမြို့နယ်

News photo

မှော်ဘီ နိုဝင်ဘာ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးဇော်မိုးဦးသည် နိုဝင်ဘာ ၉ ရက်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မိုးကြိုးပစ်- လှည်းကူးစု-လယ်ပြင်စု လမ်းပေါ်ရှိ ပေ၈၀ တံတားတည်ဆောက်ခြင်းနှင့် ကျွန်းချောင်း (အရှေ့)- ကျွန်းချောင်း(အနောက်) လမ်း အရှည် ပေ ၁၆၀၀၊ အကျယ် ၁၂ပေအား Granular /Laterite Sub-grade ခင်းရန်၊ Granular Mixed Sub-base ခင်းရန်၊ ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မှီစေရေး၊အချိန်မီ ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်