၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)မှကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 27 Oct 2025 | တည်နေရာ: ကယားပြည်နယ် | လွိုင်ကော်မြို့နယ်
လွိုင်ကော် အောက်တိုဘာ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲခေါင်ထွန်းသည် (၂၆.၁၀.၂၀၂၅)ရက်နေ့တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း ဧက(၅၀၀)-နမ့်ဘော်ဝမ်ရှမ်းလမ်း (၀/၅.၇၁)မိုင်မှ(၁/၂.၀၉)မိုင်ထိစုစုပေါင်(၀/၄.၃၈)မိုင်အား မူလ ကတ္တရာလမ်း(၁၂') တစ်ဖက်(၃')စီချဲ့၍ (၁၈')အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် နဒီလမ်း(၁/၂.၃၁)မိုင်ရှိသည့်အနက် (၀/၀မိုင် မှ ၁/၂.၃၁မိုင်)ထိ (၁/၂.၃၁)မိုင်အား မူလကတ္တရာလမ်း(၁၂') တစ်ဖက် (၂')စီချဲ့၍ (၁၆')အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။