လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်ရှိ ရေနစ်မြုပ်သည့် ကျေးလက်လမ်း/တံတားများ ကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 25 Sep 2026 | တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | လေးမျက်နှာမြို့နယ်
ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်များရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူနှင့် တာဝန်ရှိသူများက ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်များရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)