ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်လမ်း၊ တံတား လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 25 Sep 2026  တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ကန်ကြီးထောင့်မြို့နယ်

News photo

ကန်ကြီးထောင့် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော (ကံကုန်း-မြောင်းမြ) လမ်းမှ ခရောင်းကွင်း-ပုလဲကူး-ပေပင်စာဖြူစုလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၀ ရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည်။

ကျော်ဇင်စိုး (ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်