ချောင်းဆုံမြို့နယ် မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်
ထုတ်ပြန်သည့်ရက်စွဲ: 25 Sep 2026 | တည်နေရာ: မွန်ပြည်နယ် | ချောင်းဆုံမြို့နယ်
ချောင်းဆုံ စက်တင်ဘာ ၂၄
ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မုရစ်ကြီး-ဇီးကုန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ဒုတိယပတ်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ မွန်ပြည်နယ် တာဝန်ခံအင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မွန်ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း အရှည် လေးဖာလုံ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)