မြောင်းမြမြို့၌ လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 23 Sep 2026 | တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | မြောင်းမြမြို့နယ်
မြောင်းမြ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြောင်းမြမြို့နယ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Bright Future TL CO., Ltd. မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသော ပဆငနှင့် သိလ္လာဂါတ်စုဆက်သွယ်ရေးလမ်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးကျော်ကျော်ထွေးနှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)