မြစ်သားမြို့နယ်ရှိ မြစ်သား-စံပ္ပာယ်တောလမ်း ကတ္တရာခင်း
ထုတ်ပြန်သည့်ရက်စွဲ: 23 Sep 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | မြစ်သားမြို့နယ်
ကျောက်ဆည် စက်တင်ဘာ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေ တို့ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ မြစ်သား-စံပ္ပာယ်တောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများသည် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းသည် ကျေးရွာပေါင်း ရှစ်ရွာ၊ အိမ်ခြေ ၃၇၉၈ အိမ်၊ လူဦးရေ ၁၈၆၃၀ ကျော် အသုံးပြုသွားလာလျက်ရှိပြီး လုပ်ငန်းများ ပြီးစီးပါက သွားလာရေး ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)