ကျောင်းကုန်းမြို့နယ် ဝက်ချောင်းရွာအဝင်လမ်း ပျက်စီးနေမှု ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 22 Sep 2026  တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ကျောင်းကုန်းမြို့နယ်

News photo

ကျောင်းကုန်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်၍ ပျက်စီးခဲ့ရသော ဝက်ချောင်းရွာအဝင်လမ်း ကျောက်လမ်း ပျက်စီးနေမှုအခြေအနေကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် Box Culvert ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်