ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 21 Sep 2026  တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ညောင်တုန်းမြို့နယ်

News photo

ညောင်တုန်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ကျေးလက်လမ်းများကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲက ဒီဇိုင်းအဖွဲ့နှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငှက်ပျောကျွန်း-ခတ္တိယလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ချောင်းကြီး-ကျောက်ပျဉ်အိုင်လမ်း အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်