သထုံမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 16 Sep 2026 | တည်နေရာ: မွန်ပြည်နယ် | သထုံမြို့နယ်
သထုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ် သထုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၉၈ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် နောင်ကုလား-ဘူဒင်းချောင်လမ်း ကတ္တရာလမ်းခင်းရန်အတွက် Sub-base အလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်တာဝန်ခံ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလုပ်ငန်းကို ဩဂုတ် ၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်တွင် လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)