ပေါင်မြို့နယ်၌ တံတားတည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 16 Sep 2026 | တည်နေရာ: မွန်ပြည်နယ် | ပေါင်မြို့နယ်
ပေါင် စက်တင်ဘာ ၁၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် ပသျှူးပိုင်း - နတ်စင်ကုန်းလမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် တာဝန်ခံ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက် ကုန်များ လွယ်ကူစွာရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်လာနိုင်စေရေးအတွက် ပသျှူးပိုင်း-နတ်စင်ကုန်းလမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ယခုနှစ် ဇွန် ၁၂ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)