သာစည်မြို့နယ်၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 18 Sep 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | သာစည်မြို့နယ်
သာစည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ သာစည်-ပြွန်ကန်- ဆံမြိတ်ရှည်လမ်းပိုင်း ကျောက်ချောလမ်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၉ ဒသမ ၃၃၄ သန်းဖြင့် အရှည်(၀/၃ ဒသမ ၈၅)မိုင် ကျောက်ချောလမ်း ခင်းခြင်း လုပ်ငန်းကို ရတနာလမ်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် သာစည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)တို့က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)