ရမည်းသင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 14 Sep 2026  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ရမည်းသင်းမြို့နယ်

News photo

ရမည်းသင်း စက်တင်ဘာ ၁၃

ရမည်းသင်းမြို့နယ် ရွာတန်းသဲကျွန်း-ရွှေဒါးလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် နှစ်စဉ် ဘဏ္ဍာနှစ် အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၂ ဒသမ ၂၀၀ သန်းဖြင့် ရွာတန်းသဲကျွန်း-ရွှေဒါးလမ်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။

ရွာတန်းသဲကျွန်း-ရွှေဒါးလမ်း ကျောက်ချောလမ်းမှာ အရှည် (၀/၂) မိုင်ရှိပြီး အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပါက ကျေးရွာမှ ပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်