ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 10 Sep 2026  တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ညောင်တုန်းမြို့နယ်

News photo

ညောင်တုန်း စက်တင်ဘာ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်ထား ရှိသည့် ကျေးလက်လမ်းများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူ၊ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ တို့က မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် ကျေးလက်လမ်းအခြေအနေများနှင့် ချောင်းကြီး-ကျောက်ပျဉ်အိုင်လမ်း ရေကျော်နေသည့်နေရာများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ ကောင်းမွန်းစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်