ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 08 Sep 2026 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ကွမ်းခြံကုန်းမြို့နယ်
ကွမ်းခြံကုန်း စက်တင်ဘာ ၇
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးနှင့် တာဝန် ရှိသူများသည် စက်တင်ဘာ ၅ ရက်တွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မဲဇလီစမ်း-သပြုစမ်းလမ်း ပေ ၁၈၀၀ ကွန်ကရစ်ခင်းခြင်းနှင့် ခလောက်တရာရွာအဝင်လမ်း ၈၁၁ ပေ ၈၁၁ ပေ ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)