သန်လျင်မြို့နယ် တံတားတည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 05 Sep 2026 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | သန်လျင်မြို့နယ်
သန်လျင် စက်တင်ဘာ ၄
သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးပြေမ ကျေးရွာအဝင်လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၃ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ သန်လျင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ပါဝင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းတင်ဒါဖြင့် ဆောင်ရွက်နေသော လမ်း၊ တံတားလုပ်ငန်းများ၊ Bored Pile လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)