တွံတေးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 06 Sep 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | တွံ့တေးမြို့နယ်

News photo

တွံတေး စက်တင်ဘာ ၅

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်း ၊ ဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း/တံတားလုပ်ငန်းဆောင်ရွက်နေမှု ပစ္စည်းစုဆောင်းဆဲ မြေပြင်အခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး မှာကြားခဲ့သည်။

မျိုးလှိုင်(တွံတေး)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်