ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 07 Sep 2026 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ကော့မှူးမြို့နယ်
ကော့မှူး စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို စက်တင်ဘာ ၅ ရက်တွင် တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေး
အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အဖျောက်- ရွာသာယာလမ်း၊ မဆယ်ဆိပ်- ကိုင်းမစမ်းလမ်း၊ ငှက်အော်စမ်း -စမ်းကောက် ကျေးရွာချင်း ဆက်လမ်းများ ကျောက်ချောခင်းခြင်းလုပ်ငန်းအတွက် ပစ္စည်းစုဆောင်းခြင်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ အင်ဂျင်နီယာချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ကော့မှူးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)