ဒက္ခိဏသီရိမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 03 Sep 2026 | တည်နေရာ: နေပြည်တော် | ဒက္ခိဏသီရိမြို့နယ်
နေပြည်တော် စက်တင်ဘာ ၂
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးစိုးစိုးဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ် အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ကူနှစ်လုံး ဆည်စုအုပ်စု မန်ကျည်းကုန်း - ကျေးစာဥ – ပိတောက်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ဆည်စုကျေးရွာချင်းဆက် ကတ္တရာလမ်းတို့၏ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)