ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 04 Sep 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ကျောက်တန်းမြို့နယ်

News photo

ရန်ကုန် စက်တင်ဘာ ၃

       ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများကို စက်တင်ဘာ ၂ ရက်က ကွင်းဆင်း စစ်ဆေးသည်။

      အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကြာကန်-ပီလခတ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအတွက် ပစ္စည်းစုဆောင်းခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ သန်လျင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်သီတာဟန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း

 

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်