လှည်းကူးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း/တံတားများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 04 Sep 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | လှည်းကူးမြို့နယ်

News photo

ရန်ကုန် စက်တင်ဘာ ၃

          ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ကျေးရွာချင်း ဆက် လမ်း/တံတားများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ဖဲခမဲကျေးရွာအုပ်စုတွင်း တစ်ရာကျေးရွာမှ သပြု - ဒါးပိန်လမ်းသို့ ဆက်သွယ်သည့် ကျောက်ချောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးရာ မြို့နယ် ဦးစီးအရာရှိ (မြို့ပြ)က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်