တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု

 ထုတ်ပြန်သည့်ရက်စွဲ: 11 Oct 2026  တည်နေရာ: နေပြည်တော် | တပ်ကုန်းမြို့နယ်

News photo

တပ်ကုန်း အောက်တိုဘာ ၁၀

             ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ ကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးအေးဝင့်နှင့် ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများသည် စက်ယန္တရားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီ ပြီးစီးစေရေး သက်ဆိုင်ရာတာဝန် ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်