လဲချားမြို့နယ်၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 10 Oct 2026 | တည်နေရာ: ရှမ်းပြည်နယ်(တောင်ပိုင်း) | လဲချားမြို့နယ်
လဲချား အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမင်းဆွေနှင့် လွိုင်လင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာ န လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်သက်နိုင်တို့သည် အောက်တိုဘာ ၇ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ ပုံနေကျေးရွာအုပ်စုတွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လဲချား - မိုင်းကိုင်လမ်းမှ ဝမ်ဆန်းရွာလမ်း (၁/၄) မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ -၁ (မြို့ပြ)ဦးအောင်ကိုဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြ ပြီး ပြည်နယ်ညွှန်ကြားရေးမှူးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လဲချား(ပြန်/ဆက်)