ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 13 Oct 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | တိုက်ကြီးမြို့နယ်

News photo

 ရန်ကုန် အောက်တိုဘာ ၁၂

တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ကျေးလက်လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မှော်ဘီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က တိုက်ကြီးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေအား ကွင်းဆင်းစစ်ဆေးရာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်