ကြံခင်းမြို့နယ်၌ ကျေးလက်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 16 Oct 2026 | တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး | ကြံခင်းမြို့နယ်
ကြံခင်း - အောက်တိုဘာ ၁၅
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ)သည် ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကြိုးကြာတန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့၌ ကျောက်ချောလမ်း၊ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ် ဆေး ကြသည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) လမ်းတည်ဆောက်ရေးမှ တာဝန်ယူဆောင်ရွက်နေသည့် ညောင်ကုန်းကျေးရွာ၊ ကျောက်ချောလမ်းနှင့် Sate Gyi & Brother Co., Ltd. မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကြိုးကြာတန်းကျေးရွာ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)