အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 21 Oct 2026  တည်နေရာ: ပဲခူးတိုင်းဒေသကြီး | အုတ်တွင်းမြို့နယ်

News photo

အုတ်တွင်း အောက်တိုဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ)သည် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစီးအရာရှိ (မြို့ပြ) အရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့်အတူ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အုတ်တွင်းမြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် ဘုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ ကျောက်ချောလမ်းခင်းခြင်း အား သတ်မှတ်လမ်းအကျယ် ပြည့်မီအောင် ဆောင်ရွက်ရန်၊ လမ်းခင်းကျောက်အရွယ်အစားမှန်ကန်စေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်၊ လမ်းဘေးတွင်ရေမြောင်းတူးဖော်ရန်နှင့် မြေသားပခုံးကပ်ရန် လမ်းညွှန်မှာကြားပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်ပြီးစီးအောင် ဆောင်ရွက်သွားရန်မှာ ကြားခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်