တိုက်ကြီးမြို့နယ် ကင်းမတီးအလယ်ရွာနှင့် ကင်းမတီးရွာသစ်လမ်း ရေနိမ့်တံတားတည်ဆောက်ခြင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 28 Oct 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | တိုက်ကြီးမြို့နယ်

News photo

ရန်ကုန် အောက်တိုဘာ ၂၇ 

တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကင်းမတီးအလယ်ရွာနှင့်ကင်းမတီးရွာသစ်လမ်းကိုဆက်သွယ်ထားသော ရေနိမ့်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

အဆိုပါ ချောင်းကူးတံတားကို ပေ ၆ဝ ရေနိမ့်တံတားအဖြစ် တင်ဒါအောင်မြင်သည့်ရတနာပြည့်စုံကုမ္ပဏီက တာဝန်ယူဆောင် ရွက်လျက်ရှိရာ ပေ ၆၀ ရေနိမ့်တံတားတည်ဆောက်ခြင်းလုပ်ငန်း၏ A1 Mini Bore Pile တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးဗိုလ်မင်းနှင့် လုပ်ငန်းခွင်အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ တိုက်ကြီးမြို့နယ်တာဝန်ခံတို့ကကွင်းဆင်းစစ်ဆေးကြပြီး အဆိုပါတံတား ပြီးစီးပါက ကင်မတီးရွာ၊ ကင်းမတီးအလယ်ရွာနှင့်ကင်မတီးရွာသုံးရွာတို့ရှိ ကျောင်းသား၊ ကျောင်းသူများ သွားလာမှု အဆင်ပြေချောမွေ့ မည် ဖြစ် ကာ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

 

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်