မိတ္ထီလာမြို့နယ်၌ ကန်သာအေး-အောင်သာလမ်း မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး မိတ္ထီလာ အောက်တိုဘာ ၃၀
ထုတ်ပြန်သည့်ရက်စွဲ: 31 Oct 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | မိတ္ထီလာမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၁ ဒသမ ၄၉၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကန်သာအေး - အောင်သာလမ်း အရှည်ပေ ၁/၃ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု ၂ ပေ ၄ လက်မရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၉ ရက်က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းဝင်းနှင့် မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တို့က ကွင်းဆင်း စစ်ဆေးသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)