ပြင်ဦးလွင်မြို့နယ်၌ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 31 Oct 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ပြင်ဦးလွင်မြို့နယ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းများကို ယမန်နေ့တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ) က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချ ရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)