ရမည်းသင်းမြို့၌ ရွှေမြင်တင်- အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 01 Nov 2026  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ရမည်းသင်းမြို့နယ်

News photo

ရမည်းသင်း အောက်တိုဘာ ၃၁ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရွှေမြင်တင်-အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်က ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ် ဘဏ္ဍာရေး နှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရွှေမြင်တင်- အင်တိုင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ရွှေမြင်တင်-အင်တိုင်းလမ်း ကျောက်ချောလမ်းမှာ အရှည် (၁/၀)မိုင်ရှိပြီး အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

အေးခိုင်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်