ပေါင်မြို့နယ်၌ လမ်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 01 Nov 2026  တည်နေရာ: မွန်ပြည်နယ် | ပေါင်မြို့နယ်

News photo

ပေါင် အောက်တိုဘာ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ် ပေါင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဇင်းကျိုက်-တပ်မှူးချောင်-ဘိုင်လောင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် မွန်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသထွက်ကုန်များ လွယ်လင့်တကူရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားရေးဘဝ တိုးတက်လာနိုင်စေရေးအတွက် ဇင်းကျိုက်- တပ်မှူးချောင်- ဘိုင်လောင်းလမ်းအား ဇွန် ၁၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် လုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)

 

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်