ထန်းတပင်မြို့နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 01 Nov 2026  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ထန်းတပင်မြို့နယ်(ရန်ကုန်)

News photo

ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အောက်တိုဘာ ၃၁ ရက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) နှင့် မှော်ဘီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ထန်းတပင်မြို့နယ်ရှိ ဘိုးမောက်စု-သဲဖြူတောင် ကျေးရွာချင်းဆက်လမ်း အရှည်(၁/၀) မိုင် ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရေး၊ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်