ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
ထုတ်ပြန်သည့်ရက်စွဲ: 02 Nov 2026 | တည်နေရာ: ကချင်ပြည်နယ် | မြစ်ကြီးနားမြို့နယ်
မြစ်ကြီးနား နိုဝင်ဘာ ၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ခံအင်ဂျင်နီယာများက နန်းကွေ့ကျေးရွာ၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ညွှန်ကြားရေးမှူး(မြို့ပြ)က ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီး၍ ဒေသခံပြည်သူများ အချိန်မီအသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာလိုအပ်ချက်များကိုလည်း စနစ်တကျ လိုက်နာဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက
နန်းကွေ့ကျေးရွာအုပ်စုရှိ နန်းကွေ့ကျေးရွာမှ အကျိုးပြု အိမ်ထောင်စု ၈၈၈ စု၊ လူဦးရေ ၄၈၁၂ ဦးတို့အတွက် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်လာပြီး ဒေသထွက်ကုန်များကို ဈေးကွက်သို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့