ပျော်ဘွယ်မြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 02 Nov 2026  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ပျော်ဘွယ်မြို့နယ်

News photo

ပျော်ဘွယ် နိုဝင်ဘာ ၁ 

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဘုရားငါးဆူ-တွင်းရွာခရိုင်ချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို အောက်တိုဘာ ၃၁ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်က ကွင်းဆင်းစစ်ဆေးသည်။

            ဘုရားငါးဆူ-တွင်းရွာ ခရိုင်ချင်းဆက်လမ်းအရှည်(၀/၂)မိုင် ကတ္တရာခင်းခြင်းကို ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၂ ဒသမ ၆၈၅ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး သည်။

အဆိုပါလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်