ပြင်ဦးလွင်မြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 05 Nov 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ပြင်ဦးလွင်မြို့နယ်
ပြင်ဦးလွင် နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် Myanmar Nature Tact Company က တင်ဒါအောင်မြင်ဆောင်ရွက် လျက်ရှိသော ဆင်လမ်း ဆင်ဖြူအင်း- အုတ်ဖိုလမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း (၀/၂)မိုင် ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ညှိနှိုင်းဆောင်ရွက်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်ဦးစီးမှူးနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက အဆိုပါလမ်း ကတ္တရာလောင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)က လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ လမ်းပိုင်း ဆောင်ရွက်ပြီးပါက အကျိုးပြုကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၄၇၄ အိမ်၊ လူဦးရေ ၈၂၁၁ ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)