သရက်မြို့နယ်ရှိ ကျေးရွာများ သွားလာမှုလွယ်ကူစေရေး ရေကျော်ပြုပြင်ဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 05 Nov 2026  တည်နေရာ: မကွေးတိုင်းဒေသကြီး | သရက်မြို့နယ်

News photo

သရက် နိုဝင်ဘာ ၄

     သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှ  အကောင်အထည်ဖော် ဆောင်ရွက်သော ဝက်သားစား-ဝက်တိုးမှ ကမ်းနီကျေးရွာသို့ ဆက်သွယ်သောလမ်းပေါ်၌ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၃ ရက်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်အောင်သန့်နှင့် တာဝန်ရှိသူများက ဝက်သားစား-ဝက်တိုးမှ ကမ်းနီ ကျေးရွာလမ်းပေါ်ရှိ ပေ ၂၀၀ ရေကျော်၏ပျက်စီးနေသော Down Stream ကျောက်ရိုးအား ပေ ၆၀ တည်  ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် Retaining Wall ၁၇၅ ပေ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

နော်လူး

 

 

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်