ကွန်ကရစ်တံတားနှင့်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 08 Nov 2026  တည်နေရာ: ရှမ်းပြည်နယ်(တောင်ပိုင်း) | ပင်းတယမြို့နယ်

News photo

ပင်းတယ နိုဝင်ဘာ ၇

ပင်းတယမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ပွေးလှကျေးရွာလမ်းပေါ်ရှိ ကွန်ကရစ်တံတား ပေ ၄၀ တည်ဆောက်နေခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းဖြင့် ဘုရားဖြူ - နန်ကုန်းလမ်းကျောက်မှ ကတ္တရာလမ်း (၀၃ မိုင်) ခင်းခြင်းနှင့် တမဲရွာတွင်းလမ်း (၀/၄ မိုင်) ခင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဇော်မျိုးထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အောင်ကိုဦး(ပြန်/ဆက်)

 

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်