ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 09 Nov 2026  တည်နေရာ: နေပြည်တော် | ဥတ္တရသီရိမြို့နယ်

News photo

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု ပိုးစာတောကျေးရွာ နှင့် သရက်တောကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားပေ ၈၀ ဆောင်ရွက်နေမှုကို သွားရောက်၍ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ဥတ္တရသီရိမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်