ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 09 Nov 2026 | တည်နေရာ: မန္တလေးတိုင်းဒေသကြီး | ဝမ်းတွင်းမြို့နယ်
ဝမ်းတွင်း နိုဝင်ဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (ရန်ကုန်-မန္တလေး)လမ်းမှ ဒီးဒုတ်ကွေ့-ဆင်ချီတိုင်-ဆားတောင်လမ်း ကျောက်ချောလမ်း ခင်း ခြင်းကို ကွင်းဆင်း စစ်ဆေးသည်။
မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) နှင့်ဝမ်းတွင်းမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) တို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၅၄ ဒသမ ၇၆၉ သန်းဖြင့် (ရန်ကုန် မန္တလေး)လမ်းမှ ဒီးဒုတ်ကွေ့ - ဆင်ချီတိုင် - ဆားတောင်လမ်း(သုည ဒသမ ၄)မိုင် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အကျိုးပြု သုံးရွာ၊အိမ်ခြေ ၄၀၄ အိမ် လူဦးရေ ၁၈၈၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး နှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)