ကလောမြို့နယ်ရှိ ကျေးလက်လမ်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ထုတ်ပြန်သည့်ရက်စွဲ: 10 Nov 2026 | တည်နေရာ: ရှမ်းပြည်နယ်(တောင်ပိုင်း) | ကလောမြို့နယ်
ကလော နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆ -၂ဝ၂၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိန္နဲပင်-မြင်းကလမ်း (၁/၄)မိုင်ကျောက်ချောခင်းခြင်း လုပ်ငန်းအား ယမန်နေ့က တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဆွေ၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းကိုကိုဦးနှင့် တာဝန်ရှိသူများက ပြည်နယ်ရန်ပုံငွေ(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေကျပ် ၁၅၄ ဒသမ ၁၂ သန်းဖြင့် အိမ်လွန်းစံကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ကလောမြို့နယ် ပိန္နဲပင်-မြင်းကလမ်း (ပ/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)