လယ်ဝေးမြို့နယ်အတွင်း ကျေးလက်လမ်း၊ တံတားများ ပြုပြင်ပြီးစီး

 ထုတ်ပြန်သည့်ရက်စွဲ: 28 May 2025  တည်နေရာ: နေပြည်တော် | လယ်ဝေးမြို့နယ်

News photo
News photo
News photo
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ရာဂီ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ကျေးလက်လမ်း၊ တံတားများပြုပြင်သည့် လုပ်ငန်းများကို မေ ၂၆ ရက်က ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေ၊ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်လွင်ဦးနှင့် တာဝန်ရှိသူ များက ရာဂီသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်