ခရမ်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 ထုတ်ပြန်သည့်ရက်စွဲ: 09 Jun 2025  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ခရမ်းမြို့နယ်

News photo
News photo
News photo
ခရမ်း ဇွန် ၇ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တီတွတ် - ခရမ်းဆက်သွယ်ရေး ကျောက်ချောလမ်း(တီတွတ်) ကျေးရွာ၌ ဇွန် ၆ ရက်က ကျင်းပသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အိအိထွေးနှင့် ဝန်ထမ်းများ၊ သစ်တော ဦးစီးဌာန တောအုပ်ကြီး ဦးစိုးမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကျေးလက်လမ်းဘေးဝဲယာများတွင် မန်ဂျန်ရှား ပျိုးပင်စုစုပေါင်း ၁၀၀ ကို စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ ခရမ်း(ပြန်/ဆက်)
ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်