သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်း/တံတားလုပ်ငန်းများတည်နေရာသတ်မှတ် ရှင်းလင်းဆွေးနွေးပွဲ
ထုတ်ပြန်သည့်ရက်စွဲ: 09 Jun 2025 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | သန်လျင်မြို့နယ်
သန်လျင် ဇွန် ၇
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကရင်ဆိပ်ကျေးရွာရှိ ကရင်ဆိပ်ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကုလားတန်းချောင်းကူးတံတား တည်ဆောက်ခြင်းနှင့် ဘယက်ကျေးရွာအဝင် ကျောက်လမ်းခင်းခြင်း လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ကျေးရွာတာဝန်ရှိသူများအား ဇွန် ၂ ရက်က မြို့နယ်ဦးစီးအရာရှိ ဒေါ်ရည်မွန်သိမ့်က ရှင်းလင်းဆွေးနွေးစဉ်။
သန်းဝင်း(သန်လျင်)