ထန်းတပင်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်

 ထုတ်ပြန်သည့်ရက်စွဲ: 10 Jun 2025  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | ထန်းတပင်မြို့နယ်(ရန်ကုန်)

News photo
ရန်ကုန် ဇွန် ၉ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်းကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမြတ်ခိုင် နှင့် တာဝန်ရှိသူများက ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကျယ် ၁၂ ပေနှင့် အရှည် ၃၀၃၇ ပေ ဆောင်ရွက်သွားမည့် မြေသားလမ်းနေရာ၏ မြေပြင် အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ ဇင်မင်းထိုက်(ထန်းတပင်)
ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်