မှော်ဘီမြို့နယ်၌ နတ်ရဲကွင်း-မရမ်းဆည်လမ်း ကွန်ကရစ်တံတားတည်ဆောက်မည်

 ထုတ်ပြန်သည့်ရက်စွဲ: 10 Jun 2025  တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | မှော်ဘီမြို့နယ်

News photo
မှော်ဘီ ဇွန် ၉ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နတ်ရဲကွင်း-မရမ်းဆည်လမ်း မြေသားလမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်မည်ဖြစ်ပြီး ယင်းအစီအစဉ်များ ရှင်းလင်း ပြောကြားခြင်းကို ယမန်နေ့က ပြုလုပ်သည်။ အဆိုပါ နတ်ရဲကွင်း - မရမ်းဆည်လမ်း မြေသားလမ်း ဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝဏ္ဏစိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဝင်းဇော်(မှော်ဘီ)
ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်