မှော်ဘီမြို့နယ်၌ မြေသားလမ်းချဲ့ခြင်းနှင့် တံတားပြုပြင်မည့်အစီအစဉ်များ ရှင်းလင်း
ထုတ်ပြန်သည့်ရက်စွဲ: 10 Jun 2025 | တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး | မှော်ဘီမြို့နယ်

မှော်ဘီ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကြာအင်းစုရွာအဝင်လမ်း မြေသားလမ်းချဲ့ခြင်းနှင့် သစ်သားကြမ်းခင်းတံတားအား ပြုပြင်မည့်အစီအစဉ်များ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏစိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်း ပြောကြားကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)