သာစည်မြို့နယ်၌ မိတ္ထီလာ-တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 12 Jun 2025  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | သာစည်မြို့နယ်

News photo
သာစည် ဇွန် ၁၁ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိတ္ထီလာ- တောင်ကြီးလမ်းမှ ကြက်မောက်-ဇီးတောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင် ခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံ ငွေကျပ် ၁၁၃ ဒသမ ၄၂၈ သန်းဖြင့် လမ်းအရှည် (၀/၂)မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင် လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က ကွင်းဆင်းစစ်ဆေးသည်။ သာစည် – ကြက်မောက်လမ်းသည် အရှည်(၃/၆) မိုင်ရှိပြီး ကတ္တရာခင်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၈ ဒသမ ၅၀ သန်းဖြင့် ကတ္တရာခင်းခြင်း(ဝ/၄)မိုင်၊၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၉ ဒသမ ၈၅၆ သန်းဖြင့် ကျောက်ချောခင်းခြင်း(ဝ/၄)မိုင်၊ ကျန်ရှိနေသောသုံးမိုင်အားလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိရေး လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)
ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်