မြစ်ကြီးနားမြို့နယ် နောင်းပုံ - ပိုးစာခြံကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
ထုတ်ပြန်သည့်ရက်စွဲ: 18 Jun 2025 | တည်နေရာ: ကချင်ပြည်နယ် | မြစ်ကြီးနားမြို့နယ်

မြစ်ကြီးနား ဇွန် ၁၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် မြေပြင်အကြို ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၆ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့် မြစ်ကြီးနားမြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည်။
နောင်းပုံကျေးရွာနှင့် ပိုးစာခြံကျေးရွာကို ဆက်သွယ်ထားသော အရှည် ငါးဖာလုံရှိ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်မည့် မြေပြင်အခြေအနေ များကိုကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မောင်ခိုင်