စဉ့်ကိုင်မြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းစစ်ဆေး

 ထုတ်ပြန်သည့်ရက်စွဲ: 26 Jun 2025  တည်နေရာ: မန္တလေးတိုင်းဒေသကြီး | စဉ့်ကိုင်မြို့နယ်

News photo

            စဉ့်ကိုင် ဇွန် ၂၅ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်- မြောက်တောကြီး-တအုံ ကျေးရွာချင်း ချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျောက်ဆည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ အဆိုပါလမ်းသည် အရှည်ပေ ၁၃၂၀၊ အကျယ် ၁၂ပေ၊ အမြင့် ခုနစ်လက်မဒုဖြစ်ကြောင်း သိရသည်။ 

ကျော်စွာ (စဉ့်ကိုင်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်