ထားဝယ်မြို့နယ် ကဒင်ဝကျေးရွာအဝင်လမ်း လုပ်ငန်းဆောင်ရွက်

 ထုတ်ပြန်သည့်ရက်စွဲ: 28 Jul 2025  တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်မြို့နယ်

News photo

ထားဝယ် ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကဒင်ဝကျေးရွာအဝင်လမ်းလုပ်ငန်း ဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တာဝန်ရှိသူများက ကဒင်ဝ ကျေးရွာအဝင်လမ်း ၁/ဝ မိုင်အရှည်ကတ္တရာ လမ်းပျက်အား Regulation ပြုလုပ်၍ ကတ္တရာရေပိတ်လွှာ နှစ်ထပ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြည့်ရှုစစ်ဆေးပြီးသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

ကဒင်ဝကျေးရွာအဝင်လမ်း ၁/၀ မိုင်အရှည် ကတ္တရာလမ်းပျက်အား Regulation ပြုလုပ်၍ကတ္တရာရေပိတ်လွှာ နှစ်ထပ်လောင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ငွေဇင်ယော်(ထားဝယ်)

ဦးစီးဌာနသတင်းများသို့ ပြန်သွားရန်